Saturday 3 December 2011

လမ်းခွဲ

လမ်းခွဲ


ွဲလက်ပြနှုတ်ဆက်
ကျောခိုင်းထွက်မှ
မျက်ရည်စတွေ
ပါးပြင်မှာ။ 
         
                                 မောင်ရဲမင်း

Friday 2 December 2011

မီးမဲ့လောင်မြိုက်

ဖြေးဖြေးထိုင်
ကျုပ်ရဲ့အမေ
ကိုယ်လေးလက်ဝန်ကြီး
လေခွန်မထမ်းရတဲ.
အောက်ဆီဂျင် မရခင်တည်းက
အမေ့သက်ပြင်းတွေ
ကျုပ်ဆီ လာလာပိတယ်
လာပြန်ပြီ... !!!
အပူလုံးတွေ
ဟော... တစ်လုံး
နှစ်လုံး
အနီရောင်အပေါင်းလက္ခဏာ
အခန်းကျဉ်းထဲက မိန်းမတစ်ယောက်
မချိမဆန့် 
ရိုးရိုးလား......ရှယ်လား
အမေ့ကို မေးတယ်
က မ္ဘာမြေကို ခြေချဖို့
ခပ်စုပ်စုပ် ဘုံဆိုင်ထဲက
ဘရန်ဒီတစ်ခွက်နဲ့
အဖေက ၀ဲကမ်းလုပ်ပေါ့
ဒီကတည်းက......
ကျုပ် လောင်မြိုက်နေခဲ့တာ
လှိုင်းမစီးချင်ဘူး
ပင်လယ်ပြင်မှာတောင်
မီးပွိုင့်မိတဲ့ကောင်
ဆာလောင်နေတာ
နူးညံ့တဲ့ ရေကြည်တစ်ပေါက်
အငမ်းမရ တောင့်တရင်း
က မ္ဘာကြီးကို ....
ပြုံးပြချင်လို့  ။    ။


မောင်ရဲမင်း