လွတ်ကျခဲ့တာမှ မဟုတ်ပဲ
ကျေနပ်လို့ လွှတ်ချပစ်လိုက်တာ
ပိုးမွှားကင်းပါစေ
မောင်ရဲမင်း
Monday 27 May 2013
Sunday 26 May 2013
۩ မိသားစု ۩
လမ်းဘေးက သူတောင်းစားလည်း အဖေ၊အမေ ရှိတယ် ။
အသတ်ခံလိုက်ရတဲ့ စင်္ကာပူက အိမ်ဖော်မလေးလည်း အဖေ၊အမေ ရှိတယ်
။
နယ်စပ်က ကွန်တိမ်နာထဲ အသုဘ ဖြစ်သူတွေလည်း အဖေ၊အမေ ရှိတယ်
။
ဒူဘိုင်းမှာ အိမ်တွင်းပုန်းနေရတဲ့ မြန်မာမလေးလည်း အဖေ၊အမေ
ရှိတယ် ။
ဆေးထိုး ကွပ်မျက်ခံရတဲ့ (စိုင်းနော်ခမ်း) လည်း အဖေ၊အမေ
ရှိတယ် ။
Burma soldier (ကို) မျိုးမြင့်လည်း အဖေ၊အမေ ရှိတယ် ။
ကဗျာရေးတဲ့ (ဦး) တင်မိုးလည်း အဖေ၊အမေ ရှိတယ် ။
¶ နှုတ်မဆက်နဲ့ ငိုချင်တယ် ¶
လာရှိုးက (ကို) သိန်းအောင်လည်း အဖေ၊အမေ ရှိတယ် ။
ဝေနှင်းပွင့်သုန်လည်း အဖေ၊အမေ ရှိတယ် ။
တတိယနိုင်ငံသားတွေလည်း အဖေအမေ ရှိတယ် ။
သမ္မတကြီးလည်း အဖေ၊အမေ ရှိတယ် ။
အဖြူထဲက အမှောင်တွေအတွက် အလင်းတုတွေ ဖယ်ရှားပေးပါ ။
ဆာနေတဲ့ မိသားစုတွေအတွက် တံခါးချပ်တွေ ဖွင့်ထားပေးပါ ။
လွတ်နေတဲ့ ထမင်းဝိုင်းလေးက အရောင်မစုံတဲ့ ပန်းချီကားများ ။
ကျွန်တော်တို့ အိမ်ပြန်ချင်တယ် ။
မောင်ရဲမင်း
Wednesday 22 May 2013
ဆီမီးကြာခိုင်
"ဟိုဖက်ကမ်းက မီးထိန်ထိန်
ဒီဖက်ကမ်းက မီးထိန်ထိန်
ဆီမီးထိန်ထိန် လင်းပါတဲ့
မနှင်းတို့အိမ်"
ငယ်ငယ်က ရွတ်ဆိုသင်ခဲ့ရတာလေး သတိရမိ နေပါသည်။ ကျွန်တော်ငယ်ငယ်ကနေခဲ့သောမြို့လေးတွင်သီတင်းကျွတ်မီးထွန်းပွဲ၊ဈေးတန်းလမ်းလျှောက်ရသည်
ဒီဖက်ကမ်းက မီးထိန်ထိန်
ဆီမီးထိန်ထိန် လင်းပါတဲ့
မနှင်းတို့အိမ်"
ငယ်ငယ်က ရွတ်ဆိုသင်ခဲ့ရတာလေး သတိရမိ နေပါသည်။ ကျွန်တော်ငယ်ငယ်ကနေခဲ့သောမြို့လေးတွင်သီတင်းကျွတ်မီးထွန်းပွဲ၊ဈေးတန်းလမ်းလျှောက်ရသည်
မှာ ပျော်စရာကောင်း၏။ လမ်းမကြီး ဝဲယာတလျှောက်တွင် ဝါးလုံးတိုင်များ
စိုက်ပြီး ကြိုးတန်းထား၏။ ကြိုးတန်းတလျှောက်၌ကား … ရောင်စုံမီးပုံများ အစီအရီ ထွန်းထားကြသည်။
လမ်းဆုံလမ်းခွများတွင်မူ မုဒ်ဦးကြီးများနှင့် ….။ မီးရောင်စုံ …။ မီးပုံး ပုံသဏ္ဍာန်အမျိုးမျိုးနှင့်
…..။
နေမကျခင်ကတည်းမှ ကျွန်တော်တို့ ကလေးတသိုက် ဂွေလိမ့်ရင်း
မြို့ထဲလမ်းမကြီးတလျှောက် လမ်းသလားထားကြပြီးဖြစ်၏…။ဈေးထိပ်ကွက်လပ်ကြီးတွင်က….အငြိမ့်…။တံတားထိပ်ကားဂိတ်မှာက
…. စတိတ်ရှိုး …။ စသည် …. စသည်ဖြင့် …. ကျွန်တော်တို့ သတင်းရထားကြပြီ။ မီးရောင်စုံ ရွှန်းလက်သောည။ ကြည့်စရာပွဲများကလည်း
စုံသည်။ အငြိမ့် ….။ ဇာတ်…။ စတိတ်ရှိုး….။ စင်တင်တေးသရုပ်ဖော် …..။ စုံ၏။ ညဦးပိုင်းရောက်တော့
အဖေနဲ့အမေက ကျွန်တော်လက်ကို ဆွဲပြီး မီးရောင်စုံတွေ ထွန်းလင်းနေတဲ့ ပွဲဈေးတန်းသို့
လိုက်ပို့ပါသည်။ ထိုကာလ၏ အပျော် …….
ယခု လူလတ်ပိုင်းအရွယ် ရေခြား မြေခြားမှာ ဒီအချိန် ဒီကာလ
……… စိတ်ထဲ အလိုလို ကြည်နူးရပြန်သည်။ ၀ါလကင်းလွတ် သီတင်းကျွတ် အချိန်အခါ ရောက်ရှိလို့
လာပြန်သည်။
ကမ္ဘာပေါ်ရှိ
တိုင်းနိုင်ငံသီးသီး၌ ထူးခြား၊ထင်ရှားသည့်ပွဲတော်များရှိကြလေသည်။ ဤပွဲတော်များသည် တိုင်းနိုင်ငံပေါ်၌
မှီတင်းနေထိုင်ကြကုန်သော လူမျိုးများ၏ ယုံကြည်မှု၊ စိတ်ခံစားချက်များကို လွမ်းမိုးသော
ဓလေ့များနှင့်အတူ ဖော်ပြ ကျင်းပကြလေသည်။ ထိုဓလေ့များသည် ထိုလူမျိုးများ၏ အကျင့်စာရိတ္တ၊
ယဉ်ကျေးမှုအဆင့်အတန်း၊ တန်ဖိုးထားမှုတို့ဖြင့် ထင်ဟပ်နေလေရာ ထိုပွဲတော်များသည် ထိုလူမျိုးတို့အတွက်
အသက်တမျှ တန်ဖိုးကြီးလေသည်။ ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံများထဲမှ အရှေ့ တောင်အာရှတွင်ရှိသော
မြန်မာနိုင်ငံသည် THE COUNTRY OF FESTIVALS ဟု ကမ္ဘာပေါ်တွင် ထင်ရှား ကျော်ကြားလေသည်။
သီတင်းကျွတ်လသည်
မြန်မာတို့ ၏ (၁၂) လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည်
။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည်
။ ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea Lotus ) ဖြစ်ပါသည် ။ သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌
`သန္တူလ´ ဟုရေးထိုးကြသည် ကိုတွေ့ရပါသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော
မိုးကာလဟု လည်းကောင်း ၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာ
ထောင်မတ်သောလဟု လည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည်။ မိုးရာသီ ကုန်ဆုံးလုနီး၍ မိုးအားနည်းလာသည်။
ရှေးလူကြီးတို့က သီတင်းကျွတ်တွင် “ ပလ္လင်ဆေးမိုး ရွာသွန်းဖြိုး
” ဟု ဆိုကြသည်။ အဓိပ္ပါယ်
က တစ်ဝါတွင်းလုံး ဘုရားဆွမ်းတော် တင်လာသည့် ပလ္လင်ကို သီတင်းကျွတ်မိုးက
နှုတ်ဆတ်
ရွာသွန်းကာ ဆေးကြောပေးသည်ဟု ဆိုလိုသည်။
မြန်မာတို့
့သည့် စိတ်ရင်းရိုးသား တည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီစစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်က
ိုပုဂံခေတ် အနော်ရထာမင်းတရားနှင့်ရှင်အရဟံ မထေရ်မြတ်တို့၏ ကျေးဇူးတော်ကြောင့် ဆည်းကပ်ကိုးကွယ်ခွင့်
ရကြပြန်သောအခါ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ တရားတော်များနှင
့်လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော လူနေမှုဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော၊ရောင့်ရဲ တင်းတိမ်တတ်သော
စိတ်နှလုံးကိုခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများ ဖြစ်ကြပါသည် ။ ဤစိတ်ဓာတ်များ အရင်းခံဖြင့်
(၁၂) လရာသီရှိသည့်အနက် အခါကြီး၊ ရက်ကြီးနေ့များတွင် ရတနာသုံးပါးအား ရည်စူး၍ ကောင်းမှုကုသိုလ်များ
ပြုလုပ်လေ့ရှိကြပါသည် ။
သီတင်းကျွတ်
မီးထွန်းပွဲတော်သည် မြန်မာတို့၏ (၁၂) လရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး
ပွဲတော်စတင်ကျင်းပခဲ့သည့် အစဉ်အလာမှာဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ်အခါကပင် ဖြစ်ပါသည်
။ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသောသန
္တုဿီတ နတ်သားအား အမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာတရားတော်မြတ်ကို
ဟောကြားတော်မူသည် ။သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ
ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ပတ္တမြားစောင်းတန်းများဖြင့် စီခြယ်အပ်သော ရတနာစောင်းတန်းဖြင့်
လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့
ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။
ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူးမီးတိုင်များ
၊မီးပန်းများ၊ ဆီမီးများ ပန်း၊ ရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည် ။
တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော် ကိုလည်း ပူဇော်သည့်
အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည် ။ထိုကဲ့သို
့ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင်မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပ
ပြုလုပ်မြဲ ဖြစ်သည် ။
သီတင်းကျွတ်
လပြည့်နေ့တွင် ပုရိမ၀ါမှ ထမြောက်ကြသော သံဃာတော်အရှင်မြတ်များ သည် မိမိတို့အချင်းချင်း
အပြစ်ကြီးငယ်ရှိပါက သည်းခံခွင့်လွတ်ရန်၊ လမ်းမှန်ကိုညွန်ပြရန်၊ သွန်သင်ဆုံးမရန် တောင်းပန်ကြပြီး
ပ၀ါရဏာ ပြုကြပါသည်။ထို့ကြောင့် သီတင်းကျွတ် လပြည့်နေ့ကို ပ၀ါရဏာနေ့ဟုလည်း ခေါ်ကြပါသည်။
ထို့အတူ မြတ်ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော မြန်မာလူမျိုးတို့သည်လည်း
မိမိထက်အသက် ဂုဏ်ဝါကြီးသူ၊မြင့်မြတ်သူ၊ ရိုသေလေးစားထိုက်သူတို့အပေါ် အပြစ်ကြီးငယ်များရှိပါက
သည်းခံခွင့်လွတ်ကြရန် ငယ်သူ ၊ နိမ့်ကျသူတို့က ပူဇော်ကန်တော့လေ့ ရှိကြသည်။
ထို့ပြင် ဤထူးမြတ်သော ၀ါကျွတ်သော အချိန် အခါသမယတွင် မိမိတို့တတ်နိုင်သမျှ
ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ ၊ မိဘဆရာများကို ပူဇော်ကန်တော့လေ့ရှိကြ၏
။ထို့ကြောင့် ၀ါကျွတ်ကာလသည် မြန်မာတို၏တစ်ဦးကို တစ်ဦး ရိုသေလေးစားတတ်သော သဘော ၊မာန်မာနကို
နှိမ့်ချတတ်သော သဘော၊အပြန်အလှန် မေတ္တာစေတနာ ထားတတ်သောသဘော စသည်ဖြင့် အမျိုးကောင်း သားသမီးတို့၏
ယဉ်ကျေးသိမ်မွေ့သော စိတ်နေစရိုက် ကိုဖော်ကျူး ပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့်
အချိန်အခါ ဖြစ်ပါသည်၊၊ သို့ဖြစ်ရာ မြန်မာပြည်သူ/သားများ အားလုံး
ကောင်းသောအကြံ ၊
မှန်သောအကျင့် ၊
သင့်သောအယူ ၊
ဖြူသောနှလုံး ၊
သူတော်ထုံး တို
့ဖြင့် သီတင်းကျွတ် မီးထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေ..ဟု ဆန္ဒပြုလိုက်ပါသည်။
။
ဖော်ပြပါကဲ့သို့ သီတင်းကျွတ်ကာလ၏ ပျော်ရွှင် ချမ်းမြေ့.သာယာပုံကို
ရှေးစာဆိုတစ်ဦး၏ ကဗျာတစ်ပုဒ်ဖြင့် နိဂုံးချုပ်လိုက်ရပါသည်။
ဆီမီးရယ်ထိန် ၊
အိုင်မင်းရေကြည်က .. ၊
ကြာငါးမည် ငုံအာစွင့်တယ်.. ၊
ဖူးပွင့်ချိန်ခါ .. ။
အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊
လင်းလာတဲ့
ငွေတာရိန်ရယ်.. ၊
ပြာမှိန်လျက် မြူချေဆိုင်း .. ။
ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊
မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊
မျိုးမြန်မာတိုင်း။ ။
မောင်ရဲမင်း
ကိုးကား - အရှင်သံဝရာလင်္ကာရ
ဆယ့်နှစ်လရာသီပွဲတော်များ
စာပွင့်လွှာမဂ္ဂဇင်း
လှစ်ဟခြင်း
အဖေ သီးပွင့်ခဲ့တာ ကျွန်တော့် ရင်ထဲ စိုက်ပျိုးခြင်း တစ်မျိုး
အငုံးစိတ်က ကျွန်တော့် အာကာဝတ်ရုံတွေ ချွတ်လို့
အဖေ …. ရိုးသားပါ
ဆယ်စုနှစ်မက ပျောက်ဆုံးခဲ့တဲ့
ကျွန်တော့် ညီမလေး ဘယ်မှာလဲ ။ ။
မောင်ရဲမင်း
အငုံးစိတ်က ကျွန်တော့် အာကာဝတ်ရုံတွေ ချွတ်လို့
အဖေ …. ရိုးသားပါ
ဆယ်စုနှစ်မက ပျောက်ဆုံးခဲ့တဲ့
ကျွန်တော့် ညီမလေး ဘယ်မှာလဲ ။ ။
မောင်ရဲမင်း
အိမ်ပြန်ချိန်
သွေးအလိမ်းလိမ်းနဲ့
အဓမ္မကျင့်ခံလိုက်ရတဲ့
အပျိုဖော်ဝင်စ
မြို့ကလေး
လမ်းဟောင်းလေးက
ခုံတန်းပြာလေးရော
ကျန်းမာ ပါစ
မောင်ရဲမင်း
၁၀ ၊ ၁၁ ၊ ၁၂ အဖွဲ့ 
တောင်ကုန်းစိမ်းစိမ်းပေါ်က မျှော်ကြည့်နိုင်မှ မဟုတ်ဘူး
ချိုင့်ဝှမ်းလွင်ပြင်လေးကလည်း ဘဝပါပဲ
ကိုရဲရေ
အဆင်မပြေမှုတွေကို ရှုခင်းလေးတစ်ချပ်လို တွေးကြည့်
စိတ်ကို ဝန်ထုပ်ဝန်ပိုးကြီးနဲ့ ဖိမထားနဲ့ 
ကျွန်တ်ာတို့ ကစားနေတဲ့ အဝေးကွင်းက အလင်း နည်းနည်းမှုန်တယ်
ကိုယ့်ရိုးသားမှုလေးနဲ့ ကိုယ် ဝတ်မှုန်ကူးကြတာပေါ့
ပရဟိတနှလုံးသားနဲ့  အသက်လှလှရှုတတ်သူ
နှင်းခါးခြေရာထဲ အချစ်ကို ဝှက်ထားသူ
ညီမျှခြင်းတွေ ချထားတဲ့ မြို့မှာ
အမှန်တရားအတွက် ဘဝကို လောင်းကြေးထပ်ဝံ့သူ
ခု...လမ်း ၃၀ ပြည့်ခဲ့ပြီ
ပန်း ၃၀ ပွင့်ခဲ့ပြီ
မိုင်တိုင်အမှတ် ၃၀ ကနေ နောက်...ယုံကြည်ရာ ပန်းတိုင်ဆီ
၃၁ ဘုံက ကျွန်တော်တို့ ကို စောင့်ကြိုနေတယ်
အိပ်မက်တွေကို ရေလောင်းပေါင်းသင်ပါ
အနုပညာကို နေ့ တိုင်းသတိရပါ
ကဗျာကို ခါးဝတ်ပုဆိုးလို မြဲပါ
Happy Birthday ပါ ကိုရဲ ။ ။
(မောင်ရဲမင်း အတွက် အမှတ်တရ မွေးနေ့ လက်ဆောင်)
သားကြီး။ မင်းနဲ့ ။ ငါနဲ့ ။ ပြီးတော့ ငါတို့ စိုက်ပျိုးခဲ့တဲ့ အမျှော် နဲ့ ။
သားကြီး။
ကြားလား။
အခု ပြောမယ့်စကားတွေမှာ မုသားမပါဘူး။
ဘာအနက်မှ ဝှက်မထားသလို ဘာအရောင်မှလည်းဆိုးမထားဘူး။ အဖြူသက်သက်။
ငါ မင်းကိုခေါ်တဲ့ဖုန်းတစ်ကောလ်နဲ့  မင်းငါ့ကိုခေါ်တဲ့
ဖုန်းတစ်ကောလ် ။ အဲဒါ ငါတို့ နှစ်ယောက်ရဲ့ ဆက်ထုံးပဲ။
တွေ့ ခဲ့ကြတယ်။ မင်းနှစ်ဆယ့်ကိုး။ ငါ နှစ်ဆယ့်ရှစ်။ လူဖြစ်စ။
မှတ်မိလား။ငါရေးတဲ့ကဗျာ။ဆယ့်လေးအမြှောက်နှစ် ။နှစ်ဆယ့်ရှစ်နှစ်ရှိပြီဆိုတာ။
ဒါပဲ။သူပဲ။ကဗျာပဲ။ငါတို့ နှစ်ယောက်ကိုချိတ်ပေးတာ ကဗျာပဲ။
မင်းချစ်တဲ့ကဗျာပဲ။မင်းလက်ဖျံရိုးပေါ်ကနီရဲနေတဲ့တက်တူးလို ရဲနေတဲ့
မင်းစိတ်ဓာတ်။နီနေတဲ့မင်းနာမည်။ငါသိတယ်။မင်းမှုတ်ထုတ်ပစ်လိုက်တဲ့
မီးခိုးငွေ့ တွေဟာငယ်စဉ်တောင်ကျေးကတည်းကမင်းရဲ့ မကျက်သေးတဲ့အနာတွေ။
ငါသိတယ်။မင်းပစ်လွှတ်လိုက်တဲ့အကြည့်တွေဟာမာယာနွံထဲခြေချမိကတည်းက
ဖောက်ထုတ်ပစ်ချင်တဲ့ ဒဏ်ရာတွေ။
သေသူမှာ အသက်ရှူရပ်တော့ ရှင်သူမှာ အသက်ရှူ ကျပ်ရတယ်။
မင်းစိုက်ခဲ့တဲ့ပျိုးခင်း။မင်းရေးခဲ့တဲ့သမိုင်း။မင်းထားခဲ့တဲ့အဘိဓမ္မာ။
မင်း တာဝန်ကျေပါတယ်ကွာ။ မင်းဟာ ခရမ်းပြာထက်လူလို။
ဟိန်းစံ(ပဲခူး)လို။မင်းလုလင်လို။ဆူးခက်မင်းလို။
ကဗျာကို ချစ်တယ်။ ကဗျာတွေရေးတယ်။အနုပညာ။
အနုပညာဟာ မင်းအမြဲဆိုနေတဲ့သီချင်း။မင်းထွန်းမဲ့အလင်းဟာ။
ပဲခူးတစ်တိုင်းလုံးလင်းစေဦးမယ်။
လင်းကိုလင်းစေဦးမယ်။ငါ အသေအချာပြောရဲတယ်။
သားကြီး။သွေးထား။မင်းလက်ထဲက ဓားကို။သွေးထား။
တွေးထား။မင်းဖြိုခွင်းပစ်ရမဲ့ နံရံထူထူတွေအတွက်။တွေးထား။
အမေ့အတွက်။ပဲခူးအတွက်။နိုင်ငံအတွက်။တိုင်းပြည်အတွက်။
မင်းချစ်တဲ့အနုပညာအတွက်။သွေးထား။သားကြီး။တွေးထား။
မင်းနဲ့ ငါဟာ ။ ဆေးလိပ်နဲ့ မီးခြစ်လို။
နှစ်ယောက်ပေါင်းမှ အဓိပ်ပါယ်ရှိတာ။မမေ့နဲ့ ။
မေ့မသွားနဲ့ ။မိဝေးဖဝေးမှာ လောကဓံကို ရဲရဲကြီးအံတုခဲ့ကြတာ။မေ့မသွားနဲ့ ။
မေ့မသွားနဲ့ ။လက်ညှိုးညွှန်ရာရေမဖြစ်တဲ့ဘဝမှာ
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ခဲ့ကြတာ။မေ့မသွားနဲ့ ။
KLCCကြီးကို ကျောခိုင်းပြီး
ဟားရော့ခ်ကဖေးကိုတက်မက်ခဲ့ကြတာ။မေ့မသွေားနဲ့ ။
ကိုတာရာယာကြီးကို ကျောခိုင်းပြီး
အမည်ခံဦးသန့် လမ်းကို အမြတ်တနိုးသွားကြည့်ခဲ့ကြတာ။မေ့မသွားနဲ့ ။
သားကြီး။
ခမ်းနားလိုက်တာ။ပြင်သစ်သံရုံးကြီး။ဂျာမနီသံရုံးကြီး။စပိန်သံရုံးကြီး။
ဟော ဟိုမှာ မြင်နေရတာ ငါတို့ မြန်မာသံရုံးလေးပေါ့ကွာ။မေ့မသွားနဲ့ ။
MY DIN ဖြစ်ဖြစ် DIN MYဖြစ်ဖြစ် သေချာတယ်။ အဲဒီရှေ့ မှာ လမ်းဟာ
ငါတို့ ကို ပြန်လျှောက်ခဲ့တယ်။ ငါတို့ ခေါင်းပေါ်ကတဝီဝီ မိုးပျံရထားကြီး။
မမေ့နဲ့  သားကြီး။ဟိုမှာ သူဌေးငှာေးပးတဲ့ အဆောင်။ ငါ့ညီမလေးတစ်
ယောက် ဟိုအကောင်ကို ခေါ်တင်လာပြီ။မမေ့နဲ့ ။ မေ့မသွားနဲ့ ။ သားကြီး။
မေ့မသွားနဲ့ ။ဒါဟာ လျှက်တစ်ပြက် ရိုက်ချက်မဟုတ်ဘူး။ နှလုံးသားနဲ့ 
ရိုက်ထားတဲ့ ရိုက်ချက်။
ရှိသေးတယ် ။သားကြီး။
သမိုင်းပေးတာဝန်တွေ။
ရှိသေးတယ်။ငါတို့ မိုးကို ဒူးနဲ့ တိုက်ရဦးမယ်။ငါတို့  လောကဓံကို မီးတင်ရှို့ ရဦးမယ်။
ငါတို့ အနာဂတ်ကို လက်ညှိုးငေါက်ငေါက်ထိုးရဦးမယ်။
ရှေ့ မှာ လင်းနေတဲ့ အလင်းတုတွေကို စနစ်တကျ ပြန်မှောင်ခိုင်းရဦးမယ်။
သားကြီး။
မမေ့နဲ့ ။
မမေ့နဲ့ ကွာ။
မမေ့နဲ့ ။
ငါတို့ ဒီလို အလင်းမှုန်မှုန်လေးရဖို့ ဘယ်လောက်အထိ မှောင်မိုက်ခဲ့ရတယ် ဆိုတာ
မင်း မေ့မသွားနဲ့  ။
မောင်ရဲမင်း အတွက်
လူခါး
ကြားလား။
အခု ပြောမယ့်စကားတွေမှာ မုသားမပါဘူး။
ဘာအနက်မှ ဝှက်မထားသလို ဘာအရောင်မှလည်းဆိုးမထားဘူး။ အဖြူသက်သက်။
ငါ မင်းကိုခေါ်တဲ့ဖုန်းတစ်ကောလ်နဲ့  မင်းငါ့ကိုခေါ်တဲ့
ဖုန်းတစ်ကောလ် ။ အဲဒါ ငါတို့ နှစ်ယောက်ရဲ့ ဆက်ထုံးပဲ။
တွေ့ ခဲ့ကြတယ်။ မင်းနှစ်ဆယ့်ကိုး။ ငါ နှစ်ဆယ့်ရှစ်။ လူဖြစ်စ။
မှတ်မိလား။ငါရေးတဲ့ကဗျာ။ဆယ့်လေးအမြှောက်နှစ် ။နှစ်ဆယ့်ရှစ်နှစ်ရှိပြီဆိုတာ။
ဒါပဲ။သူပဲ။ကဗျာပဲ။ငါတို့ နှစ်ယောက်ကိုချိတ်ပေးတာ ကဗျာပဲ။
မင်းချစ်တဲ့ကဗျာပဲ။မင်းလက်ဖျံရိုးပေါ်ကနီရဲနေတဲ့တက်တူးလို ရဲနေတဲ့
မင်းစိတ်ဓာတ်။နီနေတဲ့မင်းနာမည်။ငါသိတယ်။မင်းမှုတ်ထုတ်ပစ်လိုက်တဲ့
မီးခိုးငွေ့ တွေဟာငယ်စဉ်တောင်ကျေးကတည်းကမင်းရဲ့ မကျက်သေးတဲ့အနာတွေ။
ငါသိတယ်။မင်းပစ်လွှတ်လိုက်တဲ့အကြည့်တွေဟာမာယာနွံထဲခြေချမိကတည်းက
ဖောက်ထုတ်ပစ်ချင်တဲ့ ဒဏ်ရာတွေ။
သေသူမှာ အသက်ရှူရပ်တော့ ရှင်သူမှာ အသက်ရှူ ကျပ်ရတယ်။
မင်းစိုက်ခဲ့တဲ့ပျိုးခင်း။မင်းရေးခဲ့တဲ့သမိုင်း။မင်းထားခဲ့တဲ့အဘိဓမ္မာ။
မင်း တာဝန်ကျေပါတယ်ကွာ။ မင်းဟာ ခရမ်းပြာထက်လူလို။
ဟိန်းစံ(ပဲခူး)လို။မင်းလုလင်လို။ဆူးခက်မင်းလို။
ကဗျာကို ချစ်တယ်။ ကဗျာတွေရေးတယ်။အနုပညာ။
အနုပညာဟာ မင်းအမြဲဆိုနေတဲ့သီချင်း။မင်းထွန်းမဲ့အလင်းဟာ။
ပဲခူးတစ်တိုင်းလုံးလင်းစေဦးမယ်။
လင်းကိုလင်းစေဦးမယ်။ငါ အသေအချာပြောရဲတယ်။
သားကြီး။သွေးထား။မင်းလက်ထဲက ဓားကို။သွေးထား။
တွေးထား။မင်းဖြိုခွင်းပစ်ရမဲ့ နံရံထူထူတွေအတွက်။တွေးထား။
အမေ့အတွက်။ပဲခူးအတွက်။နိုင်ငံအတွက်။တိုင်းပြည်အတွက်။
မင်းချစ်တဲ့အနုပညာအတွက်။သွေးထား။သားကြီး။တွေးထား။
မင်းနဲ့ ငါဟာ ။ ဆေးလိပ်နဲ့ မီးခြစ်လို။
နှစ်ယောက်ပေါင်းမှ အဓိပ်ပါယ်ရှိတာ။မမေ့နဲ့ ။
မေ့မသွားနဲ့ ။မိဝေးဖဝေးမှာ လောကဓံကို ရဲရဲကြီးအံတုခဲ့ကြတာ။မေ့မသွားနဲ့ ။
မေ့မသွားနဲ့ ။လက်ညှိုးညွှန်ရာရေမဖြစ်တဲ့ဘဝမှာ
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ခဲ့ကြတာ။မေ့မသွားနဲ့ ။
KLCCကြီးကို ကျောခိုင်းပြီး
ဟားရော့ခ်ကဖေးကိုတက်မက်ခဲ့ကြတာ။မေ့မသွေားနဲ့ ။
ကိုတာရာယာကြီးကို ကျောခိုင်းပြီး
အမည်ခံဦးသန့် လမ်းကို အမြတ်တနိုးသွားကြည့်ခဲ့ကြတာ။မေ့မသွားနဲ့ ။
သားကြီး။
ခမ်းနားလိုက်တာ။ပြင်သစ်သံရုံးကြီး။ဂျာမနီသံရုံးကြီး။စပိန်သံရုံးကြီး။
ဟော ဟိုမှာ မြင်နေရတာ ငါတို့ မြန်မာသံရုံးလေးပေါ့ကွာ။မေ့မသွားနဲ့ ။
MY DIN ဖြစ်ဖြစ် DIN MYဖြစ်ဖြစ် သေချာတယ်။ အဲဒီရှေ့ မှာ လမ်းဟာ
ငါတို့ ကို ပြန်လျှောက်ခဲ့တယ်။ ငါတို့ ခေါင်းပေါ်ကတဝီဝီ မိုးပျံရထားကြီး။
မမေ့နဲ့  သားကြီး။ဟိုမှာ သူဌေးငှာေးပးတဲ့ အဆောင်။ ငါ့ညီမလေးတစ်
ယောက် ဟိုအကောင်ကို ခေါ်တင်လာပြီ။မမေ့နဲ့ ။ မေ့မသွားနဲ့ ။ သားကြီး။
မေ့မသွားနဲ့ ။ဒါဟာ လျှက်တစ်ပြက် ရိုက်ချက်မဟုတ်ဘူး။ နှလုံးသားနဲ့ 
ရိုက်ထားတဲ့ ရိုက်ချက်။
ရှိသေးတယ် ။သားကြီး။
သမိုင်းပေးတာဝန်တွေ။
ရှိသေးတယ်။ငါတို့ မိုးကို ဒူးနဲ့ တိုက်ရဦးမယ်။ငါတို့  လောကဓံကို မီးတင်ရှို့ ရဦးမယ်။
ငါတို့ အနာဂတ်ကို လက်ညှိုးငေါက်ငေါက်ထိုးရဦးမယ်။
ရှေ့ မှာ လင်းနေတဲ့ အလင်းတုတွေကို စနစ်တကျ ပြန်မှောင်ခိုင်းရဦးမယ်။
သားကြီး။
မမေ့နဲ့ ။
မမေ့နဲ့ ကွာ။
မမေ့နဲ့ ။
ငါတို့ ဒီလို အလင်းမှုန်မှုန်လေးရဖို့ ဘယ်လောက်အထိ မှောင်မိုက်ခဲ့ရတယ် ဆိုတာ
မင်း မေ့မသွားနဲ့  ။
မောင်ရဲမင်း အတွက်
လူခါး
" ရွာထဲ ရွာလည်နေတာ အခေါက်သုံးဆယ် "
နိုဝင်ဘာဟာ အရင်လိုမဟုတ်တော့တာ သေချာတယ် ဒါမှမဟုတ်
မသေချာဘူး ဒီလမ်းက ဘယ်ပန်းတိုင်ဆီဦးတည့်နေမလဲဆိုတ
မိုင်တိုင် တစ် . . . နှစ် . . . သုံးဆယ် နောက် လေးဆယ် ငါးဆယ်ဆိုတာလဲ
မသေချာဘူး ထသွားထလာ ကံကြမ္မာထဲ အနည်ထိုင်နေတဲ့ ခင်ဗျား ။
တစ်ချိန်က နိုဝင်ဘာဟာ ခင်ဗျားအတွက် ချမ်းစိမ့်စိမ့်
အခု နိုဝင်ဘာဟာ ခင်ဗျားအတွက် လွမ်းစိမ့်စိမ့်
ဟိုတုန်းကဆိုတာကို မေ့ထားတတ်ခဲ့တဲ့ ခင်ဗျားက
မနက်ဖြန်တွေကိုကျတော့ သတိရတိုင်းစိတ်လိုလက်ရ ဂရုစိုက်နေပြန်ရော
ဆောင်းတွင်းမရှိတဲ့ ရာသီဥတု ( အပျက်ကြီး ) ထဲမှာ
နိုဝင်ဘာဟာ ( ခင်ဗျားအတွက် ) နှင်းတွေဝေတယ် ။
- မင်းလုလင် -
( သူငယ်ချင်း ကိုရဲမင်း မွေးနေ့အမှတ်တရ )
မွေးနေ့
ထွန်းလိုက်တဲ့ ဖယောင်းတိုင်ဟာ
အပူမရှိဘဲ ဘယ်လင်းပါ့မလဲ
မေမေက
သူပဲမွေးပြီး သူပဲမွှေးလို့မဆုံးတဲ့ ရနံ့လေး
သား.........တဲ့
ရင်နဲ့ခတ်တဲ့မီးကို ရင်ငွေ့နဲ့အေးစေတာ
မေမေရှာထားတဲ့ ဖော်မြူလာလား
စာရိတ္တကို စာလုံးပေါင်းတတ်ဖို့ကျောင်းကိုပ
မေမေပေးတဲ့ နာမည်တစ်လုံးကို
တစ်ဘဝလုံးလှအောင်ရေးတတ်ဖို့ ကျောင်းကိုပို့ခဲ့တယ်
အသက်သုံးဆယ်အရွယ် သားကြီးငယ်ငယ်
လောကဓံဆိုတာ
ငွေဓားလေးနဲ့ ရွရွလှီးလို့မရတဲ့အကြောင်းတော့
မေမေ မသင်ရက်ခဲ့ဘူးမဟုတ်လား
အခု အပူမရှိတဲ့အလင်းအောက်မှာ
မေမေခွံ့ကျွေးခဲ့တဲ့ မေတ္တာဟာ အချိုဆုံး အရာမှန်းသိရတော့
ဖယောင်းတိုင်ဟာ
သားအပျော်ထဲ ပျော်ကျ သွားတော့တယ်
မွေးနေ့ ။ ။
( ဒီမွေးနေ့မှ ရှေ့ဖြတ်သန်းရမယ့်နေ့တွေမှာ မွေးမိခင်ကိုကျေးဇူးဆပ်နိုင်တဲ့ သားကောင်းတစ်ယောက်ဖြစ်ပါစေ )
မောင်ရဲမင်း အတွက် မွေးနေ့အမှတ်တရ (11 . 11 . 2012 ) 3:35 am
ဆူးရဲ
လိုအပ်နေတဲ့ပင်လယ်
မလက္ကာရေလက်ကြားမှာ
မျောလွင့်ခဲ့တဲ့ ရွက်တွေ
ခေတ်ကြီးရဲ့ မာလိန်မှုး (ဗီလိန်)
ကြယ်ရောင်တွေ မလွတ်ကင်းတဲ့
ကာဗွန်ဒိုင်အောက်ဆိုက်ဒ် နဲ့
လေဖိအားနည်းရပ်ဝန်းမှာ
ကျွန်တော်တို့ ကမ္ဘာကို ရွက်တိုက်လွှင့်ခဲ့တယ်
ကောင်းကင်ပြာပြာကြီးကို ငေးဆွတ်
ခေတ်မြန်ကြီးထဲမှာ
မုန်တိုင်းဟာလည်း ကဗျာတစ်ပုဒ်ပါပဲ
ဒီလို ..ခေတ်ခက်ဆစ်တွေ ဖွဲ့ဆိုရင်း
စိတ်ကူးထဲ ခေါက်သိမ်းထားရတဲ့
ဆောင်းဖြူဖြူလေး တစ်ထည်
သူ ………………
အိုမာခယမ်နဲ့ဖျော်စပ်ထားတဲ့ပေါ့ဆိပ်တစ်ခွက်အကြောင်း
တွေး ………….. ဆွေး …………………
ခု ……………….
ကွာလာလမ်ပူမှာ
ကဗျာနဲ့အိမ်ထောင်ကျနေတယ် ။ ။
မောင်ရဲမင်း
သူငယ်ချင်း လင်းလက်တာရာ မွေးနေ့ အမှတ်တရပါ ။
လင်းလက်တာရာ ရေးသားပြီးတဲ့ ကဗျာခေါင်းစဉ်များနဲ့ ပြန်လည် ဖွဲ့သီပါတယ် ။
မျောလွင့်ခဲ့တဲ့ ရွက်တွေ
ခေတ်ကြီးရဲ့ မာလိန်မှုး (ဗီလိန်)
ကြယ်ရောင်တွေ မလွတ်ကင်းတဲ့
ကာဗွန်ဒိုင်အောက်ဆိုက်ဒ် နဲ့
လေဖိအားနည်းရပ်ဝန်းမှာ
ကျွန်တော်တို့ ကမ္ဘာကို ရွက်တိုက်လွှင့်ခဲ့တယ်
ကောင်းကင်ပြာပြာကြီးကို ငေးဆွတ်
ခေတ်မြန်ကြီးထဲမှာ
မုန်တိုင်းဟာလည်း ကဗျာတစ်ပုဒ်ပါပဲ
ဒီလို ..ခေတ်ခက်ဆစ်တွေ ဖွဲ့ဆိုရင်း
စိတ်ကူးထဲ ခေါက်သိမ်းထားရတဲ့
ဆောင်းဖြူဖြူလေး တစ်ထည်
သူ ………………
အိုမာခယမ်နဲ့ဖျော်စပ်ထားတဲ့ပေါ့ဆိပ်တစ်ခွက်အကြောင်း
တွေး ………….. ဆွေး …………………
ခု ……………….
ကွာလာလမ်ပူမှာ
ကဗျာနဲ့အိမ်ထောင်ကျနေတယ် ။ ။
မောင်ရဲမင်း
သူငယ်ချင်း လင်းလက်တာရာ မွေးနေ့ အမှတ်တရပါ ။
လင်းလက်တာရာ ရေးသားပြီးတဲ့ ကဗျာခေါင်းစဉ်များနဲ့ ပြန်လည် ဖွဲ့သီပါတယ် ။
KL မြို့လယ်တစ်နေရာ
ဘာရယ်မဟုတ်ဘူး ၊ သွားရင်း လာရင်း သဘောကျလို့
ရိုက်ယူထားတာလေးပါ ။ မြို့လယ်ခေါင် bus stand တစ်ခုမှာ
၊ဘယ်လဂျီယံနိုင်ငံသားတစ်ဦး ဂစ်တာလွယ်ပြီး ဖျော်ဖြေမှု့လေး တစ်ခုပါ ။လူတွေက
သူ့ရှေ့မှာ ချထားတဲ့ ဂစ်တာအိတ်ကလေးထဲကို ပိုက်ဆံတွေ ထည့်သွားကြတယ် ။
မြင်ကွင်းလေးက
သာမာန်ကြည့်မယ် ဆိုရင်တော့ လမ်းဘေးပိုက်ဆံရှာတယ်လို့ ခေါင်းစဉ်တပ်ကြမှာပါပဲ ။ကျွန်တော်က
တော့ တလေးတစား ခွင့်တောင်းပြီး ဓါတ်ပုံရိုက်ယူခဲ့ပါတယ်။
မောင်ရဲမင်း
သာမာန်ကြည့်မယ် ဆိုရင်တော့ လမ်းဘေးပိုက်ဆံရှာတယ်လို့ ခေါင်းစဉ်တပ်ကြမှာပါပဲ ။ကျွန်တော်က
တော့ တလေးတစား ခွင့်တောင်းပြီး ဓါတ်ပုံရိုက်ယူခဲ့ပါတယ်။
မောင်ရဲမင်း
ဒီအချိန် ဒီနွေ
ရင်တွင်းမီးကို ဗို့အားမြှင့်ဖို့
စင်္ကြာဝဠာကြီး လောင်ကျွမ်းနေလိုက်တာ
ပျိုးခဲ့တာချင်းအတူတူ
ကျောက်ခေတ်ကမီးထက်
ဟောဒီ့ ၂၀၁၃ မီး
မညိမ်းသော .......
မီးတွေ.. မီးတွေ ....မီးတွေ
သင်္ချိုင်းမှာ မှတ်တိုင်လေးတွေ
စီစီရီရီ
မောင်ရဲမင်း
စင်္ကြာဝဠာကြီး လောင်ကျွမ်းနေလိုက်တာ
ပျိုးခဲ့တာချင်းအတူတူ
ကျောက်ခေတ်ကမီးထက်
ဟောဒီ့ ၂၀၁၃ မီး
မညိမ်းသော .......
မီးတွေ.. မီးတွေ ....မီးတွေ
သင်္ချိုင်းမှာ မှတ်တိုင်လေးတွေ
စီစီရီရီ
မောင်ရဲမင်း
Tuesday 21 May 2013
ခင်ဗျားလည်း လက်ဖက်ရည် ကြိုက်တာကိုး
နိုင်ငံခြားမှာ နေရတဲ့ ဒုက္ခတွေထဲမှာ နံနက်စာ ကောင်းကောင်း မစားရခြင်းလည်း ပါပါတယ်။ ရန်ကုန်မှာ ဆိုရင်တော့ နံနက်စာက အင်မတန် ပေါပါတယ်။ မုန့်ဟင်းခါး၊ အသုတ်၊ ပလာတာ၊ အီကြာကွေး၊ စမူဆာ၊ အကြော်၊ ကောက်ညှင်းပေါင်း ... ပြောရင်တော့ ကုန်မှာ မဟုတ်ဘူး။ နိုင်ငံခြားမှာတော့ ဒီလို အစားအစာတွေက ကိုယ့်ဘာသာကိုယ် လုပ်မှ စားရမှာ ဆိုတော့ လွယ်လွယ်နဲ့ မလုပ်စား ဖြစ်ပါဘူး။ နံနက်ဆို အလုပ်ဆင်းဖို့တောင် အနိုင်နိုင်ဆိုတော့ ပေါင်မုန့်နဲ့၊ ခေါက်ဆွဲပြုတ် စားရဖို့ အတွက်တောင် အချိန် မနည်း ပေးရပါတယ်။ သူတို့ နံနက် စာတွေကလည်း တော်ရုံတန်ရုံ ၀ယ်မစားဖြစ်ပါဘူး။ မနက်ခင်း လက်ဖက်ရည်လေး တစ်ခွက်လောက် သောက်ရရင်ပဲ လောကစည်းစိမ်လို့ ခေါ်ရလေမလား။
လက်ဖက်ရည်ကတော့ ကျွန်တော့် အကြိုက်ပါပဲ။ သူမလည်း ကျွန်တော်နဲ့ ပေါင်းပြီး လက်ဖက်ရည် ကြိုက်တတ်လာပါပြီ။ နုနုရည်(အင်းဝ)ရဲ့ ကုန်စိမ်းသည်တွေလို့ ဝေလီဝေလင်း နေမတက်ခင်မှာ စားတဲ့ မုန့်ဟင်းခါးနဲ့ လက်ဖက်ရည် ချိုဆိမ့် ပြစ်ပြစ်ဟာ ကျွန်တော်တို့ရဲ့ အကြိုက်နဲ့ တူပါတယ်။ ဆိုင်မှာ သောက်ရင်တော့ ကျဆိမ့် သောက်ပါတယ်။ အိမ်မှာ မိန်းမဆိုလို့ အမေ တစ်ယောက်တည်း ရှိပြီး ကျန်တဲ့ ယောက်ျားတွေ အကုန်လုံးက လက်ဖက်ရည်သောက်လို့ အိမ်မှာပဲ အမေက နှပ်ပြီး ဖျော်ပေးပါတယ်။ အဲဒီတုန်းက ရှမ်းတောင်တန်း လက်ဖက်ခြောက်ပါ။ နောက်မှ စိုးဝင်း လက်ဖက်ခြောက်တို့ ဘာတို့ ၀ယ်ဖြစ်တာပါ။ အခုတော့ လက်ဖက်ခြောက်က Lipton က Loose Tea ကို သုံးပါတယ်။ တစ်ထုပ်စီ ထုပ်ထားတာမျိုး မဟုတ်ပါဘူး။ စက္ကူ အထုပ်ကြီး တစ်ထုပ်ထဲမှာပါ။ အပြင်ကတော့ စက္ကူဗူးနဲ့ပေါ့။ နှစ်ယောက်စာဆို၊ စားပွဲတင်ဇွန်း
၃ဇွန်းမောက်မောက်ကို ရေ နှစ်ခွက်ခွဲလောက်နဲ့ နှပ်ထားပါတယ်။ ရေပွက်လာရင် မီးလျှော့ပြီး နှပ်ထားပါတယ်။ ရေဆူခါစမှာ ထွက်တဲ့ အနံ့က စိမ်းပါတယ်။ နောက်နည်းနည်း ကြာလာရင် အနံ့ပြောင်းသွားပါလိမ့်မယ်။ အဲဒီလို အနံ့ပြောင်းသွားလည်း ခဏ ထားထားပါဦး။ လက်ဖက်ခြောက် မနပ်ရင် သောက်လို့ မကောင်းပါဘူး။ နှပ်တာ ကြာလို့ ကျသွားရင်တော့ ရေနွေး ပြန်ရောလို့ ရပါတယ်။ ဆားလေး လက်တစ်ဖျစ်လောက် ထည့်နှပ်ရင် ရပါတယ်။ အချိုလေးပြီး လေအရမ်း မချုပ်တော့ပါဘူး။ လက်ဖက်ခြောက်တွေကို စစ်လိုက်ပြီး သကြားနည်းနည်း၊ နို့ဆီများများ ထည့်ပြီး ဖျော်ပါတယ်။ အရမ်းခါးနေရင် ရေနွေးရောပါတယ်။ အရောင်ကို ကြည့်ရင် အရသာကို သိနိုင်ပါတယ်။ အုတ်ခဲရောင် ရင့်ရင့်ဆို ခါးပါတယ်။ နို့ဆီ များများထည့်လေ အရောင်ဖျော့လေပါ။ နို့စိမ်း ထည့်ချင် လည်းရပါတယ်။ ကျွန်တော့် အတွက်တော့ လက်ဖက်ရည်ဆို နို့ဆီနဲ့ လိုက်ပြီး၊ ကော်ဖီဆိုရင် Creamer (Coffee-mate) နဲ့ ကြိုက်ပြီး နို့ပူပူကတော့ မိုင်လို ထည့်ဖျော်လို့ အကောင်းဆုံးပါ။
ဒီမှာလည်း လက်ဖက်ရည် တော်တော် သောက်ကြပါတယ်။ လက်ဖက်ရည်ကို မျိုးစုံ သောက်ကြပါတယ်။ သူတို့ အခေါ်အဝေါ်တွေလည်း မှတ်ထားရပါသေးတယ်။ အကြိုက်ဆုံးကတော့ မလေးတွေ ဖျော်တဲ့ တေးတာရက် (Teh Tarek)။ ရန်ကုန်မှာ ရှယ်တွေ မပေါ်ခင်တုန်းက ဖျော်သလို ခွက်ကြီးထဲ ထည့်ပြီး အပေါ်အောက် ဆွဲတာပါ။ Tarek ဆိုတာကလည်း မလေးလို ဆွဲတာပါ။ လက်ဖက်ရည် ကျကျကို နို့ဆီ၊ နို့စိမ်းနဲ့ ဖျော်ပြီး ဆွဲလိုက်ရင် အမြုတ်တွေနဲ့ နည်းနည်း ထလာပြီး သောက်လို့ ကောင်းပါတယ်။ စင်္ကာပူ ၀န်ကြီးချုပ် ကိုယ်တိုင် မိန့်ခွန်းထဲ ထည့်ပြောတဲ့ တေးတာရက်ပါ။ စကာင်္ပူ လော်ပါဆတ် (Lau Pa Sat) မှာ ညဖက် တေးတာရက် ရောင်းတဲ့သူကလည်း ၀န်ကြီးချုပ်နဲ့ တွဲပြီး ဓါတ်ပုံ ရိုက်ထားတာကို အကြီးချဲ့ပြီး ဆိုင်မှာ ချိတ်ထားတယ်။ ဘာပဲ ဖြစ်ဖြစ် တေးတာရက် ကိုတော့ ကြိုက်တယ်။
ရန်ကုန်မှာ နောက်ပိုင်း ဖျော်နည်း တစ်မျိုးကတော့ အပေါ်မှာ ပြောခဲ့သလို ဖျော်ပြီးမှ အိုးကြီးထဲ ထည့်ပြီး ပြန်နွှေးထားတာပါ။ နည်းနည်း ကြာတော့ အပေါ်မှာ မလိုင်တွေ တက်လာပါတယ်။ ဒါကိုပဲ ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ဇိမ်ခံသောက်ကြတာကို မှတ်မိပါသေးတယ်။ ဆိုင်မှာတော့ အိပ်ငိုက်ပြေအောင် Green Tea ကို ရေနွေးနဲ့ သောက်ပါတယ်။ စတိုင်ပေါ့။ Green Tea သောက်တာ ဘာအတွက် ကောင်းတယ်၊ ညာအတွက် ကောင်းတယ်ဆိုပြီး သူမကလည်း လက်ဖက်ရည် အရမ်း သောက်တတ်လို့ ကိုယ်ဝန်ဆောင်စဉ်မှာ သောက်ရင် အူက သံဓါတ် စုပ်တာ နည်းစေလို့ ပေးမသောက်ပါဘူး။
ရေးကောင်းကောင်းနဲ လက်ဖက်ရည် ဋီကာတောင် ဖြစ်တော့မယ်။ ပြီးခဲ့တဲ့ တစ်လက ခွင့်တစ်လ
ရတာနဲ့ မွေးရပ်မြေ ဇာတိကို ပြန်ဖြစ်တယ် ။ သူငယ်ချင်းတွေနဲ့ လိုက်လံတွေ့ဆုံပြီး ခွင့်စေ့လို့ နေရပ်ပြန်တဲ့
အချိန် ရန်ကုန် မင်္ဂလာဒုံ လေဆိပ်မှာ ကိုယ့်လိုပဲ လက်ဖက်ရည် ကြိုက်တတ်သူနဲ့ ဆုံခဲ့ရပြန်တယ်။ ကျွန်တော်
လူဝင်မှု့ကြီးကြပ်ရေးကို အဖြတ် ထိုပုဂ္ဂိုလ်နဲ့ တွေ့ဆုံခဲ့ရခြင်းပါပဲ ။ နောက်ဆုံးတန်းက တန်းစီနေတဲ့ ကျွန်တော်
အဖို့ ရှေ့က နောင်တော် ၊ အစ်မတော်တွေ အခွန်တော် ဆက်သနေ (အဲမှားလို့) ၊အရောင်စုံ ငွေ ကြေးတွေ
မသိမသာ(သိသိသာသာ) ထိုးအပ်နေကြတာ ကျွန်တော် နားမလည်နိုင် ။" ဘာလဲ ဒီလူတွေ မြန်မာပြည်ကို
ဘယ်လို ဘယ်ပုံ ပြန်ဝင်လာကြသလဲ " နိုင်ငံတော်ကို အခွန်မထမ်းကြသူတွေပေါ့ ။ ကျွန်တော် ဒီလိုပဲ တွေး
ထင်ခဲ့တယ် ။ အခွန်ထမ်းထားတဲ့ ကျွန်တော့်အတွက် ရင်ကော့ပြီး ဖြတ်လျှောက်ရုံပဲပေါ့ ။
“ ညီလေး ပတ်စပို့ ”
ကျွန်တော် ရိုရိုသေသေ ပေးလိုက်တဲ့ ပတ်စပို့စာအုပ်ကို ဟိုဒီလှန်ပြီး
“ ညီလေး လက်ဖက်ရည် တိုက်သွားဦး ”
ကျွန်တော့်လို လက်ဖက်ရည် ကြိုက်တတ်သူနဲ့တွေ့တော့ ပျော်မဆုံးပေါ့ ၊ ဒါနဲ့ လေဆိပ်အဆင်း တက္ကစီသမား
ပြန်အမ်းတဲ့ ပိုက်ဆံထဲက ကောင်းနိုးရာရာလေးတွေ ရွေးချယ်ပြီး ပိုက်ဆံ သုံးရာ ပေးလိုက်တယ် ။
ကျွန်တော့်ကို မျက်မှောင်ကြုတ် ကြည့်ပြီး (သူ့လို ကျွန်တော် မကြည့်တတ် )
“ ဒါပဲလားကွ ”
“ ဟုတ်ကဲ့ အစ်ကို လက်ဖက်ရည် တစ်ခွက် သုံးရာပါ ”
သူ့ရဲ့ “ ဘာကွ " ဆိုတဲ့ အော်သံ အဆုံးမှာ
“ မင်းမှတ်ထား …. မင်္ဂလာဒုံ လေဆိပ်မှာ လက်ဖက်ရည် တစ်ခွက် တစ်ထောင် ကွ ”
ကျွန်တော့် ဘောင်းဘီ အိတ်ကပ်ထဲက တစ်ထောင်တန် တစ်ရွက်က သူ့အလိုလို ခုန်ဆင်းသွားတယ်။
လေယာဉ်ထွက်ခွါတော့မှာမို့ Aira Asia AK 1427 ထဲ ကျွန်တော် ၀င်ရောက်နေရာ ယူလိုက်တယ် ။
ဝေဟင်မှာ လေယာဉ်က ငြိမ့်ငြိမ့်လေး ပျံဝဲနေဆဲ ကျွန်တော့် ခေါင်းထဲမှာ အနှီပုဂ္ဂိုလ်အတွက် အတွေး
စတွေက လိုက်ပါလာခဲ့တယ် ။ ကျွန်တော် လက်ဖက်ရည် ကြိုက်တာက တစ်နေ့ကို နှစ်ခွက်၊သုံးခွက်
ထက် ပိုနိုင်မည်ဟု မထင်ပါ ၊ ယခု ထိုပုဂ္ဂိုလ် လက်ဖက်ရည် ကြိုက်သည်က ……………………………
ကျွန်တော် Aira Asia လေယာဉ်ကြီးပေါ်မှ ခရီးသည်တွေကို လိုက်လံ ရေတွက်မိနေခဲ့တယ် ။ ဘယ်
ညာ နှစ်ဖက်ကို ခရီးသည် ၁၈၀ အပြည့် ၊ မြန်မာနိုင်ငံသားက ၁၅၀ လောက်ပါ ပါတယ် ။ ၁၅၀ ဆိုရင်
လက်ဖက်ရည်ခွက် ၁၅၀ ။ ဒါ ကျွန်တော်တို့ လေယာဉ် တစ်စီးတည်း။ အပြည်ပြည်ဆိုင်ရာ လေဆိပ်
အနေနဲ့ ဒီလူ တစ်နေ့ကို လက်ဖက်ရည် ခွက်ပေါင်းမည်မျှ ကုန်အောင် သောက်ပေမလဲ ။ တစ်ဆက်တည်း
လက်ဖက်ရည် အသောက်များတဲ့ ကျွန်တော် ဆီးချိုဆန်ဆန် ဖြစ်ချင်ပေမယ့် ၊ ဒီလူ ဒီလောက် ကျန်းမာ
ရေး ကောင်းနေထောက်တော့ ဒီလူ တစ်ယောက်တည်း သောက်တာမဟုတ်ပဲ share သဘော ခွဲဝေ
သောက်ကြ ……………
ကျွန်တော်ရေးလက်စ မဆုံးခင်မှာ
“ ကိုရေ ….. အိပ်ချင်ပြီကွာ ” ဆိုတဲ့ သူမရဲ့ အသံကြောင့် xxxxxxxxxxxxxxxxxxxxxxx
မောင်ရဲမင်း
8.5.2013 - wed
Flight AK 1427 အတွေ့အကြုံလေး မျှဝေရုံသက်သက်ပါ ။
Subscribe to:
Posts (Atom)