Wednesday, 29 February 2012
တစ္ဆေ ပိတောက်
" တစ္ဆေ ပိတောက် "
လာပြန်ပြီ ဒီတစ်ခေါက်
ရှေးပိတောက်ရဲ့
ရနံ့မပြယ်သေးခင်
နွေဦးရဲ့ လေရူးတွေက
ငါ့ကို ... လှုပ်နိုးပြန်ပြီ
ဥသြသံ ကြားတိုင်း
နာကျင်ခဲ့ရ
ပိတောက်တွေ မြင်တိုင်း
ဆို့နင့်ခဲ့ရ
ဧပရယ်နဲ့ သင်္ကြန်
ခွဲလို့မရသလို
ချစ်သူနဲ့ ပိတောက်
ခွဲခြားလို့ မရခဲ့ဘူး
မင်းမရှိတော့ သင်္ကြန်ဟာ
ပိတောက်ရောင် မပေါက်
ပိတောက်နံ့ မမွှေး
ပိတောက်သွေး မပါပဲ
အလိုလို ပြီးဆုံးခဲ့
ပိတောက်တွေ
ကမ္ဘာပျက်ခဲ့တာ ကြာပြီ
ဒါပေမယ့် ....
ပိတောက်တွေ သစ္စာရှိကြတယ်
ဒီနှစ်လည်း ပိတောက်တွေပွင့်တော့မည်
နောင်နှစ်လည်း ပိတောက်တွေပွင့်ပေဦးမည် ။ ။
မောင်ရဲမင်း
စာပွင့်လွှာမဂ္ဂဇင်း ( Apr ; 2013 )
Wednesday, 8 February 2012
နှင်းဆီကမ်ပိန်း
စိတ်ကူးယဉ် ပန်းချီကားတွေ
အရောင်ပြယ်လွင့်တာ ကြာပြီ
စုတ်ချက်နဲ့ကင်းဘတ်(ဗ်)
ဓါတ်မတည့်တော့
မိုနာလီဇာက ရီ(ရယ်)တယ်
အရှုံးမပေးဘူး
ရေဆေး၊ဆီဆေး
ဒါမှမဟုတ် ...
နှင်းဆီရဲ့ပွင့်ဖတ်တွေနဲ့
လောကကို အလှဆင်မယ်
စုတ်တံကိုင်တဲ့ ခင်ဗျားရဲ့လက်တွေ
နှင်းဆီကို ဖက်တွယ်ဖို့
ဆူးတွေ ကြောက်နေလို့မဖြစ်ဘူး
ကျည်သံတွေ တိတ်တဲ့နေ့
တိုက်ပွဲတွေ ရပ်တဲ့နေ့
ပန်းတွေ ဝေတဲ့နေ့
အဲ့ဒီ့နေ့ ...
ကျုပ်ရဲ့ ပန်းချီကားပြီးတဲ့နေ့ ။ ။
မောင်ရဲမင်း
Sunday, 5 February 2012
ဘာတဲ့ ... valentine's
ဘာတဲ့ .... valentine's
ကျုပ် ... ဂုဏ်ပြုချင်တယ်
အာဒံ လွတ်ကျခဲ့တဲ့ သစ်သီးတစ်လုံးမဟုတ်ဘူး
ရောမက ပိရမစ်တွေကိုမဟုတ်ဘူး
နယူးဇီလန်က အပြာရောင်ဖဲကြိုးတွေကို မဟုတ်ဘူး
ဗီးဂက်စ်မြို့က အယ်ဒီတာတွေမဟုတ်ဘူး
အိုဘားမား မဟုတ်ဘူး
ဘီလ်ဂိတ် မဟုတ်ဘူး
ဂျိမ်းစ်ကင်မရွန် မဟုတ်ဘူး
လူငယ်နှစ်ဦးအတွက်
ကားစင်ထက်မှာ အသက်ပေးတဲ့
ဘုန်းတော်ကြီး st valentine's
အဲ့ဒီ့နေ့မှာ
ကျုပ် ... အမျှဝေမယ် ။ ။
မောင်ရဲမင်း
ကျုပ် ... ဂုဏ်ပြုချင်တယ်
အာဒံ လွတ်ကျခဲ့တဲ့ သစ်သီးတစ်လုံးမဟုတ်ဘူး
ရောမက ပိရမစ်တွေကိုမဟုတ်ဘူး
နယူးဇီလန်က အပြာရောင်ဖဲကြိုးတွေကို မဟုတ်ဘူး
ဗီးဂက်စ်မြို့က အယ်ဒီတာတွေမဟုတ်ဘူး
အိုဘားမား မဟုတ်ဘူး
ဘီလ်ဂိတ် မဟုတ်ဘူး
ဂျိမ်းစ်ကင်မရွန် မဟုတ်ဘူး
လူငယ်နှစ်ဦးအတွက်
ကားစင်ထက်မှာ အသက်ပေးတဲ့
ဘုန်းတော်ကြီး st valentine's
အဲ့ဒီ့နေ့မှာ
ကျုပ် ... အမျှဝေမယ် ။ ။
မောင်ရဲမင်း
Wednesday, 1 February 2012
နှင်းခါးခြေရာ
နှင်းခါးခြေရာ
ဘ၀တစ်ခုလုံး
ပုံအပ် ပစ်လိုက်တာ
မလုံလောက်ဘူးဆိုရင်
နှင်းရယ် ...
မဝေပါနဲ့လား
မကြွေပါနဲ့လား
မျှော်လင့်ချက်တွေ
ပျက်သုဉ်းခဲ့တာတောင်
နှင်းရဲ့ ခြေရာ
ကောက်မိနေတုန်းပဲ
လေပြည်ဆိုလည်း .... နှင်း
မရေရာတာလည်း ....နှင်း
သစ်ပုတ်ပင်ကြီးလည်း
နှင်းရဲ့ အငွေ့အသက်တွေ မရတော့
ရော်ရီလို့ ညှိုးခြောက်
နှင်းရယ် ....
ဖေဖော်ဝါရီဆို
R.C ကို လွမ်းတယ်
ကမ်တင်း နဲ့ ဦးချစ်ကို လွမ်းတယ်
အင်းလျားက ခုံတန်းပြာနဲ့
လှိုင်းကြက်ခွပ်လေးတွေကို
လွမ်းတယ်
နှင်းပြန်လာမယ့် တစ်နေ့
အဓိပတိလမ်းမှာ
နှင်းရဲ့ ခြေရာတွေ
ချန်ထားရစ်ခဲ့ပါ
အကြင်နာတွေနဲ့
နှင်းရယ် ...
သက္ကရာဇ်တွေ ပြိုကျခဲ့တာတောင်
ငါ့ရင်ထဲ နှင်းခါးရဲ့ခြေရာတွေ
မျှော်လင့်နေတုန်းပဲ ။ ။
မောင်ရဲမင်း (ပဲခူး)
ဖူးငုံ မဂ္ဂဇင်း (ဇွန်လ ၂၀၁၂)
စာပွင့်လွှာမဂ္ဂဇင်း (ဖေဖော်ဝါရီ ၂၀၁၃ )
ဘ၀တစ်ခုလုံး
ပုံအပ် ပစ်လိုက်တာ
မလုံလောက်ဘူးဆိုရင်
နှင်းရယ် ...
မဝေပါနဲ့လား
မကြွေပါနဲ့လား
မျှော်လင့်ချက်တွေ
ပျက်သုဉ်းခဲ့တာတောင်
နှင်းရဲ့ ခြေရာ
ကောက်မိနေတုန်းပဲ
လေပြည်ဆိုလည်း .... နှင်း
မရေရာတာလည်း ....နှင်း
သစ်ပုတ်ပင်ကြီးလည်း
နှင်းရဲ့ အငွေ့အသက်တွေ မရတော့
ရော်ရီလို့ ညှိုးခြောက်
နှင်းရယ် ....
ဖေဖော်ဝါရီဆို
R.C ကို လွမ်းတယ်
ကမ်တင်း နဲ့ ဦးချစ်ကို လွမ်းတယ်
အင်းလျားက ခုံတန်းပြာနဲ့
လှိုင်းကြက်ခွပ်လေးတွေကို
လွမ်းတယ်
နှင်းပြန်လာမယ့် တစ်နေ့
အဓိပတိလမ်းမှာ
နှင်းရဲ့ ခြေရာတွေ
ချန်ထားရစ်ခဲ့ပါ
အကြင်နာတွေနဲ့
နှင်းရယ် ...
သက္ကရာဇ်တွေ ပြိုကျခဲ့တာတောင်
ငါ့ရင်ထဲ နှင်းခါးရဲ့ခြေရာတွေ
မျှော်လင့်နေတုန်းပဲ ။ ။
မောင်ရဲမင်း (ပဲခူး)
ဖူးငုံ မဂ္ဂဇင်း (ဇွန်လ ၂၀၁၂)
စာပွင့်လွှာမဂ္ဂဇင်း (ဖေဖော်ဝါရီ ၂၀၁၃ )
Subscribe to:
Posts (Atom)