လက်ကျန်ရှင်းတမ်း (ခပ်ပါးပါး)
အတွေးငွေ့ငွေ့
ကျန်ခဲ့ရင်တောင်
ဒိုင်းနမိုက်နဲ့ဖေါက်ခွဲပစ်မယ်
နှောင်ကြိုးတွေ
ကပ်ငြိနေသေးရင်
ကမ်မီကယ်နဲ့သန့်စင်ပစ်မယ်
အလွမ်းတွေမြူဆိုင်းဦး
မိုးကြိုးပါပစ်မယ်
ဒီတစ်ခါ
လေးညှို့သံကြားရင်
မုဆိုးပါ သင်းကွပ်ပစ်မယ် ။ ။
မောင်ရဲမင်း
No comments:
Post a Comment
ဝေဖန်မှု့ကို ကြိုဆိုပါတယ်