Monday, 18 June 2012
''ခေါင်းစားခြင်း''
အဖေက ...
ကျွန်တော့်ကို ဆရာဝန်ကြီးလုပ်ကွါတဲ့
အမေက ...
ကျွန်တော့်ကို စစ်ဗိုလ်ဆိုလဲမဆိုးဘူးတဲ့
ချစ်သူက ...
ကျွန်တော့်ကို ဘယ်တော့လပ်ထပ်မလဲတဲ့ ။
မောင်ရဲမင်း
''ရင်ဖွင့်ပြချင်တယ်''
မလွမ်းရဲတာလား
လွမ်းဖို့အင်အားမရှိသေးတာလား
ငါ့ရင်ဘတ် ငါပြန်ကြည့်တော့
အဆွေးဓါတ်ခံတော့ရှိရဲ့
ဒါပေမယ့်လွမ်းလောက်တဲ့အဖြစ်
ရင်ထဲမှာမကျန်ရစ်ခဲ့တာ
အားတော့နာတယ် ။ ။
မောင်ရဲမင်း
Friday, 8 June 2012
ပဋိပက္ခ
ပဋိပက္ခ
လွတ်လပ်စွာ သဘောထားကွဲလွဲကြ
သွေးသားက ငတ်မွတ်နေတဲ့ အမှန်တရားတွေ
ဘယ်ဘုရားသခင်မှ ဖန်ဆင်းမပေးဘူး
လူကို လူလို့မြင်အောင်ကြည့်
အသွေး၊အရောင် လူမျိုးရေးဝါဒ
အဲ့ဒီအောက် ဖုံးကွယ်နေတဲ့ မေတ္တာတရား
သွေးသံရဲရဲ ရင်ထဲနင့်ခနဲ
အနိဌာရုံတွေ
ယမ်းငွေ့တွေ ကြား အမိမဲ့ အဖမဲ့
ပြေးလွှားနေကြတဲ့ ခလေးငယ်တွေ
စင်္ကြာဝဠာထဲ အိုးမဲ့ အိမ်မဲ့ ဘ၀တွေ
ကူပါ တွဲပါ ကျွဋ်ပ်တို့ရဲ့လက်တွေ
ဖေးမမဲ့ အလင်းရောင်နဲ့
လူအချင်းချင်း သတ်ဖြတ်ခြင်းကင်းပါစေ
စစ်မက်တွေ အေးပါစေ
ကမ္ဘာမြေ ငြိမ်းချမ်းပါစေ
လူသားတွေ ငြိမ်းချမ်းပါစေ
မောင်ရဲမင်း
စာပွင့်လွှာမဂ္ဂဇင်း ( နိုဝင်ဘာ ၂၀၁၂ )
စာပွင့်လွှာမဂ္ဂဇင်း ( နိုဝင်ဘာ ၂၀၁၂ )
သူတို့ကို တွေ့ရင် ပြောလိုက်ကြပါ
အဖေ ရိုးမထဲ အ၀င်
အမေ ထမင်းအုပ်လေးရွက်ပြီး လိုက်တယ်
ဖုန်း......ဒိုင်း ............
ကျွန်တော့် ရင်ထဲ သီတင်းကျွတ်ပြီ
ကြယ်မစုံတဲ့ ကောင်းကင်
အဖိုးက ဆံချ
ပိတ်ဖြူစလေးကိုင်လျှက်
လွင့်တက်လာတဲ့
မီးခိုးလုံး တွေနဲ့
ဒါ ..........
မင်း.....တို့ .......သား........လေး
အရှင် ကိတ္တိမ ။ ။
မောင်ရဲမင်း
Subscribe to:
Posts (Atom)