ပဋိပက္ခ
လွတ်လပ်စွာ သဘောထားကွဲလွဲကြ
သွေးသားက ငတ်မွတ်နေတဲ့ အမှန်တရားတွေ
ဘယ်ဘုရားသခင်မှ ဖန်ဆင်းမပေးဘူး
လူကို လူလို့မြင်အောင်ကြည့်
အသွေး၊အရောင် လူမျိုးရေးဝါဒ
အဲ့ဒီအောက် ဖုံးကွယ်နေတဲ့ မေတ္တာတရား
သွေးသံရဲရဲ ရင်ထဲနင့်ခနဲ
အနိဌာရုံတွေ
ယမ်းငွေ့တွေ ကြား အမိမဲ့ အဖမဲ့
ပြေးလွှားနေကြတဲ့ ခလေးငယ်တွေ
စင်္ကြာဝဠာထဲ အိုးမဲ့ အိမ်မဲ့ ဘ၀တွေ
ကူပါ တွဲပါ ကျွဋ်ပ်တို့ရဲ့လက်တွေ
ဖေးမမဲ့ အလင်းရောင်နဲ့
လူအချင်းချင်း သတ်ဖြတ်ခြင်းကင်းပါစေ
စစ်မက်တွေ အေးပါစေ
ကမ္ဘာမြေ ငြိမ်းချမ်းပါစေ
လူသားတွေ ငြိမ်းချမ်းပါစေ
မောင်ရဲမင်း
စာပွင့်လွှာမဂ္ဂဇင်း ( နိုဝင်ဘာ ၂၀၁၂ )
စာပွင့်လွှာမဂ္ဂဇင်း ( နိုဝင်ဘာ ၂၀၁၂ )
No comments:
Post a Comment
ဝေဖန်မှု့ကို ကြိုဆိုပါတယ်