Wednesday 22 May 2013

လိုအပ်နေတဲ့ပင်လယ်

 မလက္ကာရေလက်ကြားမှာ
မျောလွင့်ခဲ့တဲ့ ရွက်တွေ
ခေတ်ကြီးရဲ့ မာလိန်မှုး (ဗီလိန်)
ကြယ်ရောင်တွေ မလွတ်ကင်းတဲ့
ကာဗွန်ဒိုင်အောက်ဆိုက်ဒ် နဲ့
လေဖိအားနည်းရပ်ဝန်းမှာ
ကျွန်တော်တို့ ကမ္ဘာကို ရွက်တိုက်လွှင့်ခဲ့တယ်
ကောင်းကင်ပြာပြာကြီးကို ငေးဆွတ်
ခေတ်မြန်ကြီးထဲမှာ
မုန်တိုင်းဟာလည်း ကဗျာတစ်ပုဒ်ပါပဲ
ဒီလို ..ခေတ်ခက်ဆစ်တွေ ဖွဲ့ဆိုရင်း
စိတ်ကူးထဲ ခေါက်သိမ်းထားရတဲ့
ဆောင်းဖြူဖြူလေး တစ်ထည်
သူ ………………
အိုမာခယမ်နဲ့ဖျော်စပ်ထားတဲ့ပေါ့ဆိပ်တစ်ခွက်အကြောင်း
တွေး  ………….. ဆွေး …………………
ခု ……………….
ကွာလာလမ်ပူမှာ
ကဗျာနဲ့အိမ်ထောင်ကျနေတယ် ။   ။

                                                      မောင်ရဲမင်း

သူငယ်ချင်း လင်းလက်တာရာ မွေးနေ့ အမှတ်တရပါ ။
လင်းလက်တာရာ ရေးသားပြီးတဲ့ ကဗျာခေါင်းစဉ်များနဲ့ ပြန်လည် ဖွဲ့သီပါတယ် ။

No comments:

Post a Comment

ဝေဖန်မှု့ကို ကြိုဆိုပါတယ်