အသစ်လုပ်သူများ
မွန်းကြပ်ရင် သူ့ရင်ဘတ်မှာ
စကားလုံးတွေ ပျံဝဲတယ်
ကဗျာဗေဒ ယန္တရားနဲ့
အဟောင်းတွေ ဖျော်စပ်
အသစ်ကို ထုတ်လွှတ်
မီးခိုးလို အူထွက်နေတဲ့ စက်ရုံမှာ
own true ကိုချိတ်ဆွဲ
ခေတ်ကို မိုလ်လောင်းပြီး
ဘာသာစကားတွေ တွန်းပြိုင်
ကမ္ဘာကြီး ရွေ့နေတယ်
ခင်ဗျား ရွေ့နေတယ်
ပြီးတော့
ကဗျာတွေ ရွေ့နေတယ် ။ ။
မောင်ရဲမင်း
ကဗျာလေးက တိုတိုလေးပေမယ့် ထိတယ်။ မိတယ်။ ငြိတယ်။ ဒါပေမယ့် အကိုရေ........own true လား own tune လားခွဲခြားပေးပါလား။ အကို စာမှားရိုက်တာလား။ ဒါမှမဟုတ် own true လို့ပဲဆိုလိုချင်တာလားမကွဲပြားလို့ပါ။
ReplyDelete