Wednesday, 25 January 2012
ကွါလာလမ်ပူ ည
ကွါလာလမ်ပူ ည
မြို့ကြီးက ...
လျှပ်ပေါ် လော်လီလိုက်တာ
ဆပ်စလူးတွေ နတ်ပူးတဲ့မြို့
ပီထရိုးနပ်(စ်) မျှော်စင်အောက်
ညဟာ ...
ရင်ခွင် ဗလာကျင်းနဲ့
အဖြူထည်တွေ အဆိပ်သင့်ကြတယ် ။ ။
မောင်ရဲမင်း
လမ်းသစ်ဂျာနယ် ( ၂၀၁၀ )
စာပွင့်လွှာမဂ္ဂဇင်း ( သြဂုတ် ၂၀၁၂ )
Monday, 23 January 2012
ရုပ်သေး
Saturday, 21 January 2012
ညီမျှခြင်းများ
ညီမျှခြင်းများ
ဒုက္ခတံခါးတွေ ကာဆီးလေတော့
ပန်းနုရောင်နယ်မြေဆီ
ဇာပုဝါ ခပ်ပါးပါးတောင်
လှပ်ကြည့်ခွင့်မရတယ့်
ဘ၀ ! ! !
ကိုလံဘတ် ကိုအားကျတယ်
ချစ်တတ်သူတို့အတွက်
နယ်မြေသစ်တွေ မွေးဖွါးပေးတယ်
နယ်စီးမခြားဘူး ၊ လူကုန်မကူးဘူး
ဓါးပြမတိုက်ဘူး
အဲ့ဒီမြို့မှာ ...
မေတ္တာတရားတွေ ပြည့်လျှံနေတယ်
သူတို့မှာ ...
သီအိုရီ တစ်ရပ်ရှိတယ်
လူ = လူ
အချစ် = အချစ်
အမှန်တရားဆို ဘ၀နဲ့လည်း
လောင်းကြေး ထပ်တယ်
မောင်ရဲမင်း
ပြုံးစရာ - မဂ္ဂဇင်း( သြဂုတ်လ ၂၀၁၂ )
ဒုက္ခတံခါးတွေ ကာဆီးလေတော့
ပန်းနုရောင်နယ်မြေဆီ
ဇာပုဝါ ခပ်ပါးပါးတောင်
လှပ်ကြည့်ခွင့်မရတယ့်
ဘ၀ ! ! !
ကိုလံဘတ် ကိုအားကျတယ်
ချစ်တတ်သူတို့အတွက်
နယ်မြေသစ်တွေ မွေးဖွါးပေးတယ်
နယ်စီးမခြားဘူး ၊ လူကုန်မကူးဘူး
ဓါးပြမတိုက်ဘူး
အဲ့ဒီမြို့မှာ ...
မေတ္တာတရားတွေ ပြည့်လျှံနေတယ်
သူတို့မှာ ...
သီအိုရီ တစ်ရပ်ရှိတယ်
လူ = လူ
အချစ် = အချစ်
အမှန်တရားဆို ဘ၀နဲ့လည်း
လောင်းကြေး ထပ်တယ်
မောင်ရဲမင်း
ပြုံးစရာ - မဂ္ဂဇင်း( သြဂုတ်လ ၂၀၁၂ )
Friday, 20 January 2012
အနာဂတ်များ
အနာဂတ်များ
တစ်ချို့ ... တစ်ချို့
အမိမဲ့ အဖမဲ့
လှော်ရင်းနစ်နေတဲ့ လှေငယ်လေးတွေ
လောကဓံတိမ်းစောင်းတော့
ဘ၀ရဲ့ လှေကားထစ်ကပြုတ်ကျ
ခိုနားရာအသိုက်မဲ့တဲ့ ငှက်ကလေးတွေ
ဖေဖေ၊မေမေ
တကျွီကျွီ အော်မြည်နေကြ
မျှော်လင့်ခြင်းဆိုတာ
ဘယ်မှာလဲ ?
ရောင်နီဦးဆိုတာ
ဘယ်မှာလဲ ?
လဲကျ ... ပြန်ထ
လူတကာရဲ့ ပင့်သက်တွေ
အရှိုက်ကို တည့်တည့်တိုး
ရင်ဘတ်ထဲ အောင့်သက်သက်
အစ်ကိုကြီးတို့ အစ်မကြီးတို့ဆိုတဲ့
ကရုဏာ ငံ့လင့်သံတွေ
ရော့ ... ညီလေးစား
ဒီနေ့ အစ်ကို့အတွက်
ကံ တရားမပေးဘူး
အက်ကွဲထတဲ့ ဘ၀တွေ
ရင်ဘတ်ထဲ လိမ့်ဆင်းလို့
သောကတွေ တောင်ကုန်းဖြစ်နေပြီ ။ ။
မောင်ရဲမင်း
စာပွင့်လွှာမဂ္ဂဇင်း ( အောက်တိုဘာ ၂၀၁၂ )
တစ်ချို့ ... တစ်ချို့
အမိမဲ့ အဖမဲ့
လှော်ရင်းနစ်နေတဲ့ လှေငယ်လေးတွေ
လောကဓံတိမ်းစောင်းတော့
ဘ၀ရဲ့ လှေကားထစ်ကပြုတ်ကျ
ခိုနားရာအသိုက်မဲ့တဲ့ ငှက်ကလေးတွေ
ဖေဖေ၊မေမေ
တကျွီကျွီ အော်မြည်နေကြ
မျှော်လင့်ခြင်းဆိုတာ
ဘယ်မှာလဲ ?
ရောင်နီဦးဆိုတာ
ဘယ်မှာလဲ ?
လဲကျ ... ပြန်ထ
လူတကာရဲ့ ပင့်သက်တွေ
အရှိုက်ကို တည့်တည့်တိုး
ရင်ဘတ်ထဲ အောင့်သက်သက်
အစ်ကိုကြီးတို့ အစ်မကြီးတို့ဆိုတဲ့
ကရုဏာ ငံ့လင့်သံတွေ
ရော့ ... ညီလေးစား
ဒီနေ့ အစ်ကို့အတွက်
ကံ တရားမပေးဘူး
အက်ကွဲထတဲ့ ဘ၀တွေ
ရင်ဘတ်ထဲ လိမ့်ဆင်းလို့
သောကတွေ တောင်ကုန်းဖြစ်နေပြီ ။ ။
မောင်ရဲမင်း
စာပွင့်လွှာမဂ္ဂဇင်း ( အောက်တိုဘာ ၂၀၁၂ )
Tuesday, 17 January 2012
ဆွေးစိတ်နဲ့လွမ်းစိတ်မပြယ်
ဆွေးစိတ်နဲ့လွမ်းစိတ်မပြယ်
အချိန်ဆိုတာ ...
ပြယုဂ်တစ်ခုလို့ သတ်မှတ်ရင်
သံယောဇဉ်ကို
ဘယ်လိုဖွင့်ဆိုမလဲ
ဆုံတွေ့ခဲ့တာ ခဏပေမယ့်
အမှတ်တမဲ့နဲ့အမှတ်တရတွေ
ဖြစ်ဖြစ်သွားတယ်
မကြေငြာပဲ ငါ့ရင်ဘတ်တွေ
လုယူသွားခဲ့တာလည်း
မနည်းတော့ဘူး
ခံစားချက်ဆိုတာ
လှောင်ပိတ်ထားလို့မှ မရတာ
နှလုံးသားက စေခိုင်းမှု့ကြောင့်
အသွေးအသားက ယိုစီးကျလာတဲ့
ငါ့ရဲ့ကဗျာဝိဥာန်လေးတွေ
ရှင်သန်ခွင့်ပေးစေချင်တယ်
မောင်ရဲမင်း
Sunday, 15 January 2012
အနွမ်းပန်းရဲ့ ... ဒိုင်ယာရီ
လိပ်ပြာလေးရေ ...
အနွမ်းပန်းမို့
မခိုနားရက်တောင်မှ
ဥပက္ခာတော့ မပြုသင့်ဘူးလေ
မင်းရဲ့ ဘ၀လှဖို့
ငါ့ ... ရင်ခွင်နဲ့
သန္ဒေ တည်ခဲ့သေးတာပဲ
ကျေနပ်အောင်
ဝတ်ရည်စုပ်ယူပြီးခါမှ
နွမ်းလျတဲ့ ငါ့အဖြစ်ကို
ငဲ့ညှာသင့်တာပေါ့
လိပ်ပြာလေးရေ ...
ပန်းတိုင်းမှာ ရနံ့မရှိပေမယ့်
ရနံ့မရှိတဲ့ ပန်းတစ်ချို့ဟာလည်း
လောကကြီးအတွက် အလှဆင်နိုင်ကြပါတယ် ။ ။
မောင်ရဲမင်း
စာပွင့်လွှာမဂ္ဂဇင်း ( နိုဝင်ဘာ ၂၀၁၂ )
အဝေး ... မြို့
~ အဝေး ..... မြို့
ဘ၀ ဆိုတာမရှိရင်
ဒုက္ခ နဲ့ သုခကို
အရည်ဖျော်သောက်မိမှာ
လောကဓံ လှိုင်းတံပိုးအောက်
သောကနွံအိုင်ထဲ
ကမ်းကိုမြင်ပြီး
ရေလယ်ခေါင် သဘောင်္နစ်နေတဲ့အဖြစ်
စိတ်တေလေ ရွက်လွှင့်လို့
အမုန်းတွေ ကျောက်ချထားချိန်မှာ
အလွမ်းတွေက
မြို့ကလေးဆီ သယ်သွားတယ် ။ ။
မောင်ရဲမင်း
စာပွင့်လွှာမဂ္ဂဇင်း
Subscribe to:
Posts (Atom)