~ အဝေး ..... မြို့
ဘ၀ ဆိုတာမရှိရင်
ဒုက္ခ နဲ့ သုခကို
အရည်ဖျော်သောက်မိမှာ
လောကဓံ လှိုင်းတံပိုးအောက်
သောကနွံအိုင်ထဲ
ကမ်းကိုမြင်ပြီး
ရေလယ်ခေါင် သဘောင်္နစ်နေတဲ့အဖြစ်
စိတ်တေလေ ရွက်လွှင့်လို့
အမုန်းတွေ ကျောက်ချထားချိန်မှာ
အလွမ်းတွေက
မြို့ကလေးဆီ သယ်သွားတယ် ။ ။
မောင်ရဲမင်း
စာပွင့်လွှာမဂ္ဂဇင်း
No comments:
Post a Comment
ဝေဖန်မှု့ကို ကြိုဆိုပါတယ်