Tuesday, 17 January 2012
ဆွေးစိတ်နဲ့လွမ်းစိတ်မပြယ်
ဆွေးစိတ်နဲ့လွမ်းစိတ်မပြယ်
အချိန်ဆိုတာ ...
ပြယုဂ်တစ်ခုလို့ သတ်မှတ်ရင်
သံယောဇဉ်ကို
ဘယ်လိုဖွင့်ဆိုမလဲ
ဆုံတွေ့ခဲ့တာ ခဏပေမယ့်
အမှတ်တမဲ့နဲ့အမှတ်တရတွေ
ဖြစ်ဖြစ်သွားတယ်
မကြေငြာပဲ ငါ့ရင်ဘတ်တွေ
လုယူသွားခဲ့တာလည်း
မနည်းတော့ဘူး
ခံစားချက်ဆိုတာ
လှောင်ပိတ်ထားလို့မှ မရတာ
နှလုံးသားက စေခိုင်းမှု့ကြောင့်
အသွေးအသားက ယိုစီးကျလာတဲ့
ငါ့ရဲ့ကဗျာဝိဥာန်လေးတွေ
ရှင်သန်ခွင့်ပေးစေချင်တယ်
မောင်ရဲမင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ဝေဖန်မှု့ကို ကြိုဆိုပါတယ်