စိတ်ကူးယဉ် ပန်းချီကားတွေ
အရောင်ပြယ်လွင့်တာ ကြာပြီ
စုတ်ချက်နဲ့ကင်းဘတ်(ဗ်)
ဓါတ်မတည့်တော့
မိုနာလီဇာက ရီ(ရယ်)တယ်
အရှုံးမပေးဘူး
ရေဆေး၊ဆီဆေး
ဒါမှမဟုတ် ...
နှင်းဆီရဲ့ပွင့်ဖတ်တွေနဲ့
လောကကို အလှဆင်မယ်
စုတ်တံကိုင်တဲ့ ခင်ဗျားရဲ့လက်တွေ
နှင်းဆီကို ဖက်တွယ်ဖို့
ဆူးတွေ ကြောက်နေလို့မဖြစ်ဘူး
ကျည်သံတွေ တိတ်တဲ့နေ့
တိုက်ပွဲတွေ ရပ်တဲ့နေ့
ပန်းတွေ ဝေတဲ့နေ့
အဲ့ဒီ့နေ့ ...
ကျုပ်ရဲ့ ပန်းချီကားပြီးတဲ့နေ့ ။ ။
မောင်ရဲမင်း
မောင်ရဲမင်းရေ..တစ်ကြောင်းစီဖတ်ရင် ကောင်းတယ်ဗျ..။တစ်ပုဒ်လုံး စဉ်းစားလိုက်တော့ ပြောချင်တာတွေများသွားတယ်ထင်တယ်..အဓိပ္ပါယ် တော်တော် ရှာယူရတယ်..။ဒါက ကွန်တော့အတွေးသက်သက်ပါ..။
ReplyDeleteသေချာတာကတော့ ...သိပ်ကောင်းတဲ့ အကြောင်းအရာပါဗျာ..။
လေးစားလျှက်...