ညီမျှခြင်းများ
ဒုက္ခတံခါးတွေ ကာဆီးလေတော့
ပန်းနုရောင်နယ်မြေဆီ
ဇာပုဝါ ခပ်ပါးပါးတောင်
လှပ်ကြည့်ခွင့်မရတယ့်
ဘ၀ ! ! !
ကိုလံဘတ် ကိုအားကျတယ်
ချစ်တတ်သူတို့အတွက်
နယ်မြေသစ်တွေ မွေးဖွါးပေးတယ်
နယ်စီးမခြားဘူး ၊ လူကုန်မကူးဘူး
ဓါးပြမတိုက်ဘူး
အဲ့ဒီမြို့မှာ ...
မေတ္တာတရားတွေ ပြည့်လျှံနေတယ်
သူတို့မှာ ...
သီအိုရီ တစ်ရပ်ရှိတယ်
လူ = လူ
အချစ် = အချစ်
အမှန်တရားဆို ဘ၀နဲ့လည်း
လောင်းကြေး ထပ်တယ်
မောင်ရဲမင်း
ပြုံးစရာ - မဂ္ဂဇင်း( သြဂုတ်လ ၂၀၁၂ )
မောင်ရဲမင်းရေ..။လာရောက်ဖတ်ရှုသွားပါတယ်ခင်ဗျာ..။
ReplyDelete