လိပ်ပြာလေးရေ ...
အနွမ်းပန်းမို့
မခိုနားရက်တောင်မှ
ဥပက္ခာတော့ မပြုသင့်ဘူးလေ
မင်းရဲ့ ဘ၀လှဖို့
ငါ့ ... ရင်ခွင်နဲ့
သန္ဒေ တည်ခဲ့သေးတာပဲ
ကျေနပ်အောင်
ဝတ်ရည်စုပ်ယူပြီးခါမှ
နွမ်းလျတဲ့ ငါ့အဖြစ်ကို
ငဲ့ညှာသင့်တာပေါ့
လိပ်ပြာလေးရေ ...
ပန်းတိုင်းမှာ ရနံ့မရှိပေမယ့်
ရနံ့မရှိတဲ့ ပန်းတစ်ချို့ဟာလည်း
လောကကြီးအတွက် အလှဆင်နိုင်ကြပါတယ် ။ ။
မောင်ရဲမင်း
စာပွင့်လွှာမဂ္ဂဇင်း ( နိုဝင်ဘာ ၂၀၁၂ )
No comments:
Post a Comment
ဝေဖန်မှု့ကို ကြိုဆိုပါတယ်